၁၈၈၈
၁၈၈၈ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ |
ထောင်စုနှစ်: | ၂ ထောင်စုနှစ် |
---|---|
ရာစုနှစ်များ: | |
ဆယ်စုနှစ်များ: | |
ခုနှစ်များ: |
၁၈၈၈
၁၈၈၈ ခုနှစ် မှတ်တမ်း
[ပြင်ဆင်ရန်]ဇန်နဝါရီလ
[ပြင်ဆင်ရန်](၃)ရက်။
- စီဟောင်အရပ်၌ ကက်ပတိန် ရိတ် (RAIKES) နှင့် ကြွမ်ဘိ အပါအဝင် တာစွန်း ချင်းအကြီးအကဲများ တွေ့ဆုံဆွေးနွေး။ ဗြိတိသျှတို့ ကျေနပ်လောက်သည့် ကတိစကားမရ။
(၇)ရက်။
- ဗြိတိသျှတပ်ဖွဲ့တစ်ဖွဲ့ မိုးနဲမြို့ရောက်။
(၈)ရက်။
- ဗြဲတိုက်သံတော်ဆင့် ဦးဘိုးမြစ် ကွယ်လွန်။
(၁၄)ရက်။
- ဗြိတိသျှတပ်ဖွဲ့တစ်ဖွဲ့ မိုးကောင်းမြို့ရောက်။
(၂၀)ရက်။
- မိုးနဲရောက် ဗြိတိသျှတပ်ဖွဲ့ ခေါင်းဆောင်က ဒေသခံ အကြီးအကဲများနှင့် တွေ့ဆုံ၍ ဗြိတိသျှတို့၏ အုပ်ချုပ်ရေးကို လက်ခံရေး ဆွေးနွေး။
(၂၂)ရက်။
- မိုးနဲရောက် ဗြိတိသျှတပ်ဖွဲ့ မိုးကြီးမြို့သို့ ချီတက်။
(၂၅)ရက်။
- မင်းတုန်းမင်း ၏ မိဖုရား၊ ငါးပင်စဉ် မိဖုရား ကွယ်လွန်။
(၂၈)ရက်။
- မြန်မာမှူးမတ်တို့က ရန်ကုန်ပိဋကတ်တိုက်သို့ ပိဋကတ်သုံးပုံ ပါဠိတော်တစ်စုံ (၁၅၅၀-ကျပ်တန်) လှူရန် ဆုံးဖြတ်။
(၃၀)ရက်။
- ဗြိတိသျှတပ်ဖွဲ့တစ်ဖွဲ့ ကာမိုင်းတစ်ဖက်ကမ်းသို့ ရောက်ရှိ။
(၃၁)ရက်။
- ဗြိတိသျှတပ်ဖွဲ့ အင်းတော်ချောင်းကမ်းပါးသို့ ရောက်။
ဖေဖော်ဝါရီလ
[ပြင်ဆင်ရန်](၃)ရက်။
- ကချင်တိုင်းရင်းသားများက မိုးကောင်းရှိ ဗြိတိသျှ တပ်ကိုတိုက်။
(၅)ရက်။
- အကောက်ဝန် ဦးစီ ကွယ်လွန်။
(၁၅)ရက်။
- ဗြိတိသျှတပ်ဖွဲ့ မိုးကြီးသို့ ရောက်။
(၂၄)ရက်။
- ကာမိုင်းမှ မိုးကောင်းသို့ ပြန်လာသော ဗြိတိသျှတပ်ဖွဲ့နှင့် ကချင်တိုင်းရင်းသားများ ညောင်ခြေထောက်၌ တိုက်ပွဲဖြစ်။
(၂၉)ရက်။
- ဦးဖိုးစော၏တပည့် ဗိုလ်ထီ ဦးဆောင်သော ကချင် တပ်ဖွဲ့နှင့် ဗြိတိသျှတပ် မိုးကောင်းတောင်ဘက်ရှိ နန်းပတောင်ရွာ၌ တိုက်ပွဲဖြစ်။
မတ်လ
[ပြင်ဆင်ရန်](၃)ရက်။
- ဗြိတိသျှ အရာရှိများနှင့် မိုးကြီးဒေသရှိ တိုင်းရင်းသား အကြီးအကဲများ တွေ့ဆုံ၍ အနာဂတ်ကာလ အုပ်ချုပ်ရေးအတွက် ဆွေးနွေး။
(၇)ရက်။
- မိုးကြိုးရှိ ဗြိတိသျှတပ်ဖွဲ့ လားရှိုးသို့ ချီတက်။
မတ်လအတွင်းတွင် စောလဖော် ခေါင်းဆောင်သော ကယားအမျိုးသားများသည် ဗြိတိသျှလက်အောက်ခံဟု ထင်သော မောက်မယ်ကို ဝင်တိုက်၍ မောက်မယ်စော်ဘွားကို မောင်းထုတ်ကာ ကယားအမျိုးသား ခွန်နွယ်ကြူအား စော်ဘွားအသစ်အဖြစ် ခန့်အပ်။
ဧပြီလ
[ပြင်ဆင်ရန်](၁) ရက်။
- မြန်မာပြည်ရှိ ဗြိတိသျှတပ်များကို ပြည်သိမ်းတပ်ဖွဲ့အသွင်မှ ပြည်စောင့်တပ်အသွင်သို့ပြောင်း။
(၄)ရက်။
- ဆရာတော်ဦးဝိစာရကို အမြင့်မြို့ အပိုင် ကမ်းနိမ့်ရွာ(ယခု သုံးပန်လှရွာ) ၌ မွေး။
(၈)ရက်။
- ရခိုင်၊ ဗမာနှင့် ရှမ်းတိုင်းရင်းသားတို့က မြို့ဟောင်းရှိ ပုလိပ်စခန်းကို ဝင်တိုက်။
(၉)ရက်။
- တောင်ပိုင်းရှမ်းဒေသအတွင်း ငါးလခန့် လှည့်လည်သွားလာခဲ့သော ဗိုလ်မှူးကြီး ဆွီတင်ဟန် ဦးစီးသည့် ဗြိတိသျှတပ်ဖွဲ့ မန္တလေးပြန်ရောက်။
(၁၃)ရက်။
- အိမ်ရှေ့မင်း၏သမီး မယ်ဆွေအံ့ ကွယ်လွန်။
(၁၄)ရက်။
- ရခိုင်တိုင်းရင်းသား နယ်ချဲ့ဆန့်ကျင်ရေး တပ်သားများ နှင့် ဗြိတိသျှတပ်သားများ ပလက်ချောင်းဒေသတွင် တိုက်ပွဲဖြစ်။
(၁၈)ရက်။
- ကုလားဝန်၊ လေးမြို့ကတို့အုပ်၊ ရေနန်းယာဉ်သာ သင်္ဘောတော်အုပ်၊ မဟာမင်းလှမင်းထင်ရာဇာ ကွယ်လွန်။
(၂၃)ရက်။
- ဦးထီ ဦးဆောင်သော ကချင်တိုင်းရင်းသားများနှင့်
ဗြိတိသျှတပ်ဖွဲ့ မိုးကောင်းမှ လေးမိုင်ခွဲဝေးသည့် တောင်ပေါ်ရွာ၌ တိုက်ပွဲဖြစ်။
(၂၄)ရက်။
- မြန်မာတိုင်းရင်းသားထဲမှ ရန်ကုန်တက္ကသိုလ်၏ ပထမဆုံး ပါဠိပါမောက္ခနှင့် ပထမဆုံး တက္ကသိုလ်ကျောင်းအုပ် ဖြစ်လာမည့် ဦးဖေမောင်တင်ကို အင်းစိန် ပေါက်တောရပ်၌ မွေး။
(၂၅)ရက်။
- ဆီးဘနီဆရာတော် ပျံလွန်တော်မူ။
(၂၇)ရက်။
- အလင်္ကာကျော်စွာဘွဲ့ရ ရွာစားကြီး ဦးဟန်ပ ကို မန္တလေးမြို့၌ မွေး။
ဧပြီလအတွင်းတွင် ဘုန်းတော်ကြီး ဦးသူရိယ ခေါင်းဆောင်သော ကရင်နှင့် ဗမာ မျိုးချစ်များသာယာဝတီနှင့် ပေါင်းတည်နယ်တွင် ဗြိတိသျှတပ်များကို ဆန့်ကျင်တိုက်ခိုက်ကြ။ မကွေးဒေသမှ ထင်ရှားသည့် ဗြိတိသျှ ဆန့်ကျင်ရေး ခေါင်းဆောင် ဗိုလ်တုတ်ကြီး အဖမ်းခံရ။
မေလ
[ပြင်ဆင်ရန်](၁) ရက်။
- တောင်ငူ ပျဉ်းမနား ရထားလမ်းဖွင့်။
(၂)။
- ကချင်တိုင်းရင်းသားများက မိုးကောင်းမြို့တိုက်။
(၃)။
- မိုးနဲကို ထွက်လူတို့ အုပ်စုက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်။
(၄/၅)။
- တာစွန်း ချင်းများက အင်းဒင်ကို ဝင်ရောက်စီးနင်း
တိုက်ခိုက်ပြီး အင်းဒင်ရှိ ကလေးစော်ဘွား ဦးပါကြီးကို ဖမ်းစီး။ (၆)။
- ကချင်တိုင်းရင်းသား အချို့က ဆင်ဘိုအနီးရှိ နန်းပပရွာကို ဝင်တိုက်။
(၁၀)။
- ဗြိတိသျှတပ်က မိုးနဲဝင်တိုက်ရာ နယ်ချဲ့ဆန့်ကျင်ရေးခေါင်းဆောင် ထွက်လူ ကျဆုံး။
(၁၆)။
- ဂျော့စကော့ (Scott) ဦးဆောင်သော ဗြိတိသျှတပ်ဖွဲ့ မောက်မယ်ရောက်။
(၂၀)။
- ဦးဖိုးစောအဖွဲ့မှ ဗိုလ်ကြည်ခေါင်းဆောင်သော ကချင်၊ ဗမာနှင့် ရှမ်းတိုင်းရင်းသားများက မိုးကောင်းရှိ ဗြိတိသျှ စစ်စခန်းဝင်တိုက်။ ဗြိတိသျှတပ်များကို ဆန့်ကျင်တိုက်ခိုက်နေကြသည့် တိုင်းရင်းသားများ လက်နက်ချပြီး အေးချမ်းစွာ နေထိုင်သွားကြမည်ဟု ကတိပြုလျှင် လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု မေလအတွင်း ဗြိတိသျှအစိုးရက ကြေညာ။
ဇွန်လ
[ပြင်ဆင်ရန်](၈)ရက်။
- စာရေးကြီး ဦးချိပ် ကွယ်လွန်။
(၁၀)ရက်။
- စုဘုရားကြီးနှင့် ကောလင်းမင်းသားတို့ ပါဝင်သော ဆင်ဖြူမရှင်နှင့် အဖွဲ့ ကာလကတ္တားရောက်။
(၁၅)ရက်။
- သံတော်ဆင့် ဦးလုံး ကွယ်လွန်။
ရွှေချိုးဖြူမင်းသားကို ဖမ်းဆီးပေးနိုင်သူအား ဆုငွေ ကျပ်တစ်ထောင်ပေးမည်ဟု ဗြိတိသျှ အာဏာပိုင်တို့က ဇွန်လအတွင်း ကြေညာ။
ဇူလိုင်လ
[ပြင်ဆင်ရန်](၁) ရက်။
- ကြို့ပင်ကောက်မြို့မှ ဘုန်းတော်ကြီး ဦးသူရိယ ခေါင်းဆောင်သော နယ်ချဲ့ဆန့်ကျင်ရေးသမားများက ဗြိတိသျှတို့ကို တော်လှန်တိုက်ခိုက်။
(၃)ရက်။
- မောက်မယ်ရှိ ဗြိတိသျှတပ်စခန်းကို ကယားနှင့် ရှမ်းတိုင်းရင်းသားများက ဝင်တိုက်။
(၁၁)။
- မီးရထားလမ်း၊ သာဝတ္ထိရောက်။
(၁၃)။
- စလင်းနာခံ မောင်အေး ကွယ်လွန်။
(၁၇)။
- အမေရိကန် နှစ်ခြင်းသာသနာပြု စာသင်ကျောင်း ကြီးပွါးလာ၍ အမျိုးသမီး ကျောင်းတစ်ကျောင်း သီးသန့်ခွဲပြီး မန္တလေးညွန့်ပေါင်းဈေး တောင်ဘက်မှာဖွင့်။
(၂၁)ရက်။
- မဟာဝန်ရှင်တော်မင်းကြီးက ချင်းတောင်တန်းသို့ စစ်တပ်များ စေလွှတ်၍ ချင်းတိုင်းရင်းသားတို့၏ ခုခံတိုက်ခိုက်မှုများကို နှိမ်နင်းရန် တိုက်တွန်းသည့်စာ အိန္ဒိယအစိုးရထံ ရေး။
(၂၂)ရက်။
- အသုံးစာရေး မောင်လေး ကွယ်လွန်။ ရွှေချိုးဖြူမင်းသားနှင့် အပေါင်းပါတို့သည် တာစွန်းချင်းများနှင့် ပူးပေါင်းကာ အင်းဒင်ရှိ ဗြိတိသျှစစ်စခန်းကို ဇူလိုင်လအတွင်း ဝင်တိုက်။
ဩဂုတ်လ
[ပြင်ဆင်ရန်](၇)ရက်။
- ဘုံကျော်ဆရာတော် ဦးဝဏ္ဏ ပျံလွန်။
(၁၂)ရက်။
- ရှေ့တော်သံဆင့် ဦးမှို ကွယ်လွန်။
(၁၅)ရက်။
- အခွန်တော် မဟာမင်းကျော်မင်းထင် ဦးဇံ ကွယ်လွန်။
(၂၂)ရက်။
- ဆင်ဖြူမရှင်နှင့်အဖွဲ့ ရတနာဂီရိရောက်။
(၂၅)ရက်။
- မင်းတုန်းမင်း၏ မိဖုရား မကွေးမိဖုရား ကွယ်လွန်။
-တောင်သာထိပ်ခေါင်တင် ကွယ်လွန်။
စက်တင်ဘာလ
[ပြင်ဆင်ရန်](၁) ရက်။
- စီဟောင်အနီးရှိ ဗြိတိသျှစစ်စခန်းကို တာစွန်းချင်းများ ဝင်ရောက်တိုက်ခိုက်။
(၁၂)ရက်။
- စံကျောင်းဆရာတော် ပျံလွန်။
(၁၈)ရက်။
- ဂန့်ဂေါတိုက်နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို တာစွန်းချင်းများက တိုက်။
(၂၉)ရက်။
- ဝန်စာရေး ဦးဘိုး ကွယ်လွန်။
ယုံဘင်ရွာနှင့် ဖုံကန်ရွာမှ ကချင်တိုင်းရင်းသားများက စက်တင်ဘာလအတွင်း ဗြိတိသျှတို့ကို ဆန့်ကျင်တော်လှန်။
အောက်တိုဘာလ
[ပြင်ဆင်ရန်](၉)ရက်။
- ငလျင်ဒဏ်ကြောင့် ရွှေတိဂုံဘုရားမှ ငှက်မြတ်နားနှင့် စိန်ဖူးတော် အောက်သို့ကျ။ ရွဲအထက်မှ အင်္ဂတေများ ကွာကျ။
-မင်းတုန်းမင်း၏ မိဖုရား ကျောက်တစ်လုံးမိဖုရား ကွယ်လွန်။
(၁၁)ရက်။
- ဗြိတိသျှအစိုးရက ပျဉ်းမနားမင်းသားကို ဘင်္ဂလားသို့ ပို့။
(၁၄)ရက်။
- ရွှေချိုးဖြူမင်းသားအုပ်စု နှင့် တာစွန်းချင်းများ ပေါင်း၍ ဟုမ္မလင်းကို တိုက်။
(၁၆)ရက်။
- အိန္ဒိယအစိုးရက ကချင်မြေသို့ ထိုးစစ်ဆင်ရေး အစီအစဉ်ကို ထုတ်ပြန်။
(၁၇)ရက်။
- စီယင်းချင်းများက ချစ်ပေါက်ကို တိုက်။
(၂၂)ရက်။
- စီယင်းချင်းများက ကန်သာကို တိုက်။
(၂၉)ရက်။
- စုတ်တဲနှင့် ကမ်းဟောက်ချင်းများ ပေါင်း၍ ကဘော်ချိုင့်ဝှမ်း အတွင်းရှိ ခန်းပတ်ကိုတိုက်။
နိုဝင်ဘာလ
[ပြင်ဆင်ရန်](၆)ရက်။
- ဗြိတိသျှတို့ သိမ်းပိုက်ပြီးစ မန္တလေးနေပြည်တော်နှင့် ဆင်ခြေဖုံးတို့၏ ငြိမ်ဝပ်ပိပြားရေးအတွက် ခန့်ထားသည့် ပထမဆုံး ရာဇဝတ်ဝန်ကြီး တီအက်ဖိုဒ့် ကွယ်လွန်။
(၁၅)ရက်။
- ပျဉ်းမနား-ရမည်းသင်း မီးရထားလမ်းဖွင့်။
-အိမ်ရှေ့မင်း၏ သမီး မယ်ဆွေကြွား ကွယ်လွန်။ (၁၆)ရက်။
- ချင်းတောင်သို့ စစ်တပ်စေလွှတ် နှိမ်နင်းရေး ဗြိတိသျှအစိုးရက အမိန့်ချမှတ်။
(၁၉)ရက်။
- မင်းတုန်းမင်း၏ မိဖုရား ကုက္ကိုလှမိဖုရား ကွယ်လွန်။
ဒီဇင်ဘာလ
[ပြင်ဆင်ရန်](၃)ရက်။
- ချင်းတောင်တန်း စစ်ဆင်ရေးအတွက် ကန်ပက်လက်၌ အင်အား ၁၂၀၀ ပါဗြိတိသျှ စစ်ဌာနချုပ်ဖွင့်။
(၅)ရက်။
- ရွှေဘိုမင်း၏ သမီး မကွေးမင်းသမီး ကွယ်လွန်။
(၇)ရက်။
- ချင်းတောင်ခြေနှင့် ကန်ပက်လက်အကြား စစ်စခန်း တည်ဆောက်ရန် ချီတက်လာသော ဗြိတိသျှတပ်ဖွဲ့ကို စီယင်းချင်းတို့တိုက်။ ဗြိတိသျှတို့ဘက်မှ ဗိုလ်ပါးမား (Palmer) ဒဏ်ရာရ။
(၈)ရက်။
- မနေ့ကရသည့် ဒဏ်ရာကြောင့် ဗိုလ်ပါးမား သေဆုံး။
(၁၀)ရက်။
- စီယင်း၊ တာစွန်း၊ ကမ်းဟောက်နှင့် စုတ်တဲ ချင်းတိုင်းရင်းသားများက စီဟောင်းနှင့် အင်းဒင်ဒေသရှိ ဗြိတိသျှ စစ်စခန်းများကို တိုက်။
(၁၁)ရက်။
- ဒပ်ဖရင်က ဘုရင်ခံချုပ်ရာထူးကို လင်းစဒေါင်းသို့လွှဲပေး။
(၁၆)ရက်။
- ကြံညှပ်မင်းသား ကွယ်လွန်။
(၁၇)ရက်။
- ဖာပွန်၏ အရှေ့မြောက်ဖက် သံလွင်မြစ်ကမ်းပေါ်ရှိ ကျောက်ညှပ်ရွာကို စောလဖောတပ်များ ဝင်တိုက်။
(၁၉)ရက်။
- ဗြိတိသျှတပ်များ ဖာပွန်ရောက်။
(၂၀)ရက်။
- ရွှေဘိုမင်း၏ မိဖုရား နတ်မောက်မိဖုရား ကွယ်လွန်။
(၂၁)ရက်။
- ကျောက်ညှပ်ရှိ ဗြိတိသျှစစ်စခန်းကို စောလဖော ဦးဆောင်သော ကယားအမျိုးသားများက တိုက်။
(၂၄/၂၅)ရက်။
- ချင်းတောင်သို့ချီတက်လာသော ဗြိတိသျှတပ်ဖွဲ့ တစ်ဖွဲ့နှင်း ချင်းတိုင်းရင်းသားများ တိုက်ပွဲဖြစ်။
(၂၆)ရက်။
- ဗြိတိသျှတပ်ဖွဲ့ ဖာပွန်မှ ဘော်လခဲသို့ ချီတက်ရာ ဖားဆောင်းအရပ်၌ စောလဖော၏တပ်နှင့် တိုက်ပွဲဖြစ်။
(၂၉)ရက်။
- ဗြိတိသျှတပ်ဖွဲ့ စကားမှ ကန္တာရဝတီသို့ ချီတက်။
(၃၀)ရက်။
- ချင်းတောင်စစ်ဆင်ရေးကို ဦးစီးကွပ်ကဲရန် ဂျင်နရယ် ဂျော့ဝှိုက် ကလေးမြို့အနီး ကန်ပလဲသို့ ရောက်။
၁၈၈၈-ခုနှစ်အတွင်း အခြားမှတ်သားဖွယ်ရာများ
[ပြင်ဆင်ရန်]- Shan States Act ပြဋ္ဌာန်းခြင်း။
- The Indian Excise and Opium Acts သည် အထက်မြန်မာနိုင်ငံအတွက်ပါ သက်ဆိုင်စေရမည်ဟု ပြဋ္ဌာန်းခြင်း။
- ရေနံကို စက်ဖြင့် ပထမဆုံး တူးဖော်ခြင်း။
- မန္တလေး၌ ယာယီဆေးရုံ စဆောက်ခြင်း။
- စာအုပ်အမျိုးပေါင်း (၈၁)မျိုး ပုံနှိပ်ထုတ်ဝေခြင်း။
- ရူပကဏ္ဍနှင့် ပိဋကတ်သတင်းစာများ စတင်ထွက်ရှိခြင်း။
- မီးရထားသံလမ်း မိုင် ၄၄၁-မိုင် ဖောက်လုပ်ပြီးစီးခြင်း။
- ကချင်နယ်မြေတွင် ဗြိတိသျှတို့ကို သုံးနှစ်ကြာ ခုခံတိုက်ခိုက်ပြီးနောက် ဝန်းသိုစော်ဘွားသည် တရုတ်နိုင်ငံသို့ တိမ်းရှောင်သွားခြင်း။
ကိုးကား
[ပြင်ဆင်ရန်]![]() | ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |